(၁၉၈၇) ခုနှစ်မှ စပြီး အာတိတ်ရေခဲပြင်များ အရည်ပျော်လာပုံများကို
အမျိုးသား အဏ္ဏ၀ါနှင့် ကမ္ဘာ့လေထုဆိုင်ရာ စီမံခန့်ခွဲရေး (NOAA) မှ animation ဖြင့် ထုတ်ဖော်ပြသခဲ့ပါသည်။
သိပ္ပံပညာရှင်များရဲ့ လေ့လာချက်များအရ လေနှင့်သမုဒ္ဒရာရဲ့ စီးဆင်းလည်ပတ်မှု ပုံစံဟာ ပူနွေးတဲ့
ရာသီဥတုနှင့် ပူးပေါင်းပြီး အာတိတ်ဒေသရှိ ရေခဲပြင်များရဲ့ ပမာဏကို လျော့ပါးစေတာဖြစ်ကြောင်း
သိရပါသည်။ ဂြိုလ်တုမှတ်တမ်းများမှာတော့ ရေခဲပြင်များ လျော့ပါးလာမှုဟာ မကြာသေးမီနှစ်များစွာက
စတင်ပြီး အရှိန်မြင့်လာတာဖြစ်ကြောင်း ဖော်ပြထားပါသည်။
No comments:
Post a Comment