Sunday, February 2, 2014

(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာတောင်ဒေသ ကျောကျေးရွာတွင် စိမ့်စမ်းရေသွယ်ပိုက် သွယ်တန်းမှု ဖွင့်ပွဲ



(၆၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသော အားဖြင့် ဂန့်ဂေါမြို့နယ် ပုံတောင် ပုံညာောင် ဒေသ ကျောကျေးရွာတွင် စိမ့်စမ်းရေသွယ်ပိုက်တန်းမှု ဖွင့်ပွဲကို ဇန်န၀ါရီလ (၉) ရက်က ရေစုကန် အနီးတွင် ကျင်းပပါသည်။ စိမ့်စမ်းရေသွယ်ပိုက်သွယ်တန်းခြင်း လုပ်ငန်းကို မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး ခွင့်ပြု ရန်ပုံငွေ ကျပ် (၂၅) သိန်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကာ (၇)မိုင် အကွာအဝေးမှ ရေကို (၂) လက်မ ပိုက်ဖြင့် သွယ်တန်းထားကြောင်းနှင့် ကျောကျေးရွာရှိ တိုက်နယ် ဆေးရုံ၊ စာသင်ကျောင်းတို့ကို ရေပေးဝေနိုင်သည့် အပြင် ကျေးရွာနေ အိမ်ခြေ (၄၀၀) ကျော်ရှိ ပြည်သူ (၂၀၀၀) ကျော်တို့ပါ သောက်သုံးရေ အဆင်ပြေ လွယ်ကူကြောင်း သိရပါသည်။

No comments:

Post a Comment