ဂျပန်နိုင်ငံ၏
ဆိုချီအိုလံပစ် အဖွဲ့ခေါင်းဆောင် စီကိုဟာရှီမိုဘိုသည် လာမည့် ဆိုချီဆောင်းရာသီပွဲတော်များတွင်
ရွှေတံဆိပ် (၁၀)ခုထက်ပိုပြီး ရရှိရန် မျှော်လင့်ချက်ကို လုံးဝပြောင်းလဲမှာ မဟုတ်ကြောင်း
ဖေဖော်ဝါရီလ (၂)ရက်နေ့က ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနေဖြင့် လွန်ခဲ့သည့် (၈)နှစ်အတွင်း
ဆောင်းရာသီ အားကစားပွဲများတွင် ရွှေတံဆိပ် မဆွတ်ခူးနိုင်ဘဲ ရှိနေပြီး ဒီလို အလမ်းဝေးခြင်းဟာ
ရုရှားမြေမှာ ရွှေတံဆိပ် ခူးဆွတ်နိုင်ရန် ဖိအားပေးစေခဲ့ပြီး ဂျပန်အကြီးအကဲ အနေဖြင့်တော့
မိမိဖို့ ဂျပန်မြေ၊ နာဂါနိုတွင် ဆောင်းရာသီပွဲများ ကျင်းပခဲ့စဉ်က ဆွတ်ခူးခဲ့သည့် ရွှေအတိုင်းအတာ
(ဒါမှမဟုတ်) အရေအတွက် ပိုမိုရရှိရန် အစွမ်းကုန် ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
No comments:
Post a Comment