စက်မှုလယ်ယာကူးပြောင်းနိုင်ရေးအတွက်
လယ်ယာမြေတွေကို အဆင့်မြင့်လယ်ယာမြေအဖြစ် ဖော်ထုတ်ရန်လိုအပ်နေကြောင်း ပဲခူးတိုင်း ဖြူးမြို့နယ်၊
တောင်သူလယ်သမားအများစုက ပြောဆိုလိုက်ပါသည်။ ဒါပေမဲ့ လယ်ယာမြေလုပ်ကွက်တွေကျဉ်းမြောင်းနေတာကြောင့်
နေပြည်တော်ကောင်စီနယ်နိမိတ်ထဲမှာ အစိုးရကလုပ်နေသည့် အဆင့်မြင့်လယ်ယာမြေလိုမျိုးလုပ်ရန်အတွက်
ခက်ခဲလိမ့်မယ်လို့ သူတို့ကသုံးသပ်ခဲ့ပါသည်။ စိုက်ပျိုးရေးပညာရှင် ဒေါက်တာမျိုးအောင်ကျော်က
ရေတိုအနေနှင့် အသေးစားစက်မှုလယ်ယာစနစ် စတင်ဖို့လိုအပ်လာပြီး၊ အစိုးရနှင့် ပုဂ္ဂလိကအပိုင်းကလည်း
အကူအညီပေးသင့်တယ်လို့ ပြောထားပါသည်။
No comments:
Post a Comment