Wednesday, February 26, 2014

ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်း လက်ပံတောင်းတောင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တွင် ရောက်ရှိနေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီဥက္ကဋ္ဌ သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းသည် ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း၊ ဒေါက်တာမြင့်အောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး၊ ဒုတိယ ၀န်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် အတူ ဖေဖော်ဝါရီ (၂၆)ရက်နေ့ နံနက် (၈)နာရီတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ (CSD) ဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာ အုပ်စု ထန်းတောကြီး/ ရုံးပင်ရိုး ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း " ပညာဗိမာန်ကျောင်းဆောင်သစ် " ဖွင့်ပွဲအခမ်းအနားသို့ လည်းကောင်း၊ တောင်ပလူကျေးရွာ အခြေခံပညာ မူလတန်းကျောင်း " ပညာရတနာကျောင်းဆောင်သစ် " ဖွင့်ပွဲ အခမ်းအနားသို့ လည်းကောင်း တက်ရောက်ချီးမြှင့်သည်။

No comments:

Post a Comment