Thursday, February 27, 2014

အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း

ယခုလသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းများအား ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆောင်ရွက် နေချိန်ကာလဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ မေးမြန်းထားရှိချက်များ အပေါ် ၀န်ကြီးဌာနအလိုက် ဆောင်ရွက်ရန် ကျန်ရှိနေသေးသည်များကို ထည့်သွင်း ဆောင်ရွက်နိုင်ရန် မိမိတို့ ကော်မတီမှ အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကျန်ရှိနေသေးသည့် မေးခွန်းနှင့် အဆိုများအပေါ် ပြန်လည်ဖြေကြားရမည့် ကိစ္စရပ်များ၊ ၂၀၁၃-၂၀၁၄ ဘတ်ဂျတ်ကာလအတွင်း ဆောင်ရွက်ရန် ကျန်ရှိသည့် ကိစ္စရပ် အခြေအနေများကို ယခုဆွေးနွေးပွဲတွင် တင်ပြစေလိုကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ထွန်းက ပြောကြားသည်။

No comments:

Post a Comment