Sunday, February 2, 2014

မြစ်ကြီးနာ-မန္တလေး အမှတ် (၅၆) အစုန် တွဲဆိုင်းသစ်ဖြင့် စတင်ပြေးဆွဲ



လက်ရှိအခြေအနေတွင် ကချင်ပြည်နယ်အတွက် မီးရထား ပို့ဆောင်ရေးကို အဓိက အားထားနေရဆဲ ဖြစ်ကြောင်း ပြည်နယ် လူဦးရေ ၁.၆ သန်းရှိရာတွင် ၂၀၁၂-၂၀၁၃ ခုနှစ်၌ ရထားဖြင့် ခရီးသွားသူ ၁.၅၁ သန်းခန့် ရှိပြီး ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ ခရီးသည် ၁.၁၆၃ သန်း ပို့ဆောင်ပေးပြီးဖြစ်ကြောင်း၊ မြန်မာ့ မီးရထားသည် တစ်နိုင်ငံလုံးရှိ ရထားသံလမ်း မိုင်ပေါင်း ၄၈၀၀ ကျော်ကို ပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ပြည်တွင်းပြည်ပမှ ငွေကြေးနည်းပညာများ ရယူဆောင်ရွက်လျက်ရှိရာ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း အဆင့်မြှင့်ရန် ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ရှိကြောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက အမှာစကားပြောကြားခဲ့သည်။

No comments:

Post a Comment