Wednesday, February 26, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပုဂံဟိုတယ်ဇုန်မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ညနေ (၃)နာရီတွင် ပုဂံမြို့ရှိ ဧည့်ရိပ်သာ၌ ပုဂံဟိုတယ်ဇုန်မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။ ထို့နောက် ညနေ (၅)နာရီတွင် နိုင်ငံတော် သမ္မတသည် တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီနှင့် ရွှေစည်းခုံ စေတီတော်တို့အား ဖူးမြောကြည်ညိုပြီး အလှူငွေများနှင့် ရွှေသင်္ကန်း ကပ်လှူခဲ့သည်။ 

No comments:

Post a Comment