Sunday, February 2, 2014

ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ ဥပဒေရေးရာ စာတမ်းဖတ်ပွဲ အခမ်းအနား တက်ရောက်



ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်သည် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက်တွင် ပုသိမ်မြို့ ၊ ပုသိမ်ဟိုတယ် ခန်းမတွင် ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ ဥပဒေရေးရာ စာတမ်းဖတ်ပွဲ အခမ်းအနားကို တက်ရောက် ပြောကြားရာတွင် ဥပဒေဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် ဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ရာမှာ ကျောသားရင်သား မခွဲခြားဘဲ လုပ်ဆောင်ရန်နှင့် မိမိကိုယ်တိုင်ကလည်း တရားဥပဒေကို စံနမူနာပြ စောင့်ထိန်းဖို့ လိုပါကြောင်း၊ တရားရေး မဏ္ဍိုင်ကလည်း ဖြောင့်မတ် မှန်ကန်ပြီး ဥပဒေ ဆိုင်ရာ အဖွဲ့အစည်းများကလည်း ဥပဒေနှင့်အညီ ပြုမူ ကျင့်ကြံ လုပ်ကိုင်ကြမယ်ဆိုရင် နိုင်ငံတော်မှာ တရား ဥပဒေ စိုးမိုးပြီး စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ စနစ်ကို အောင်မြင်အောင် ကျင့်သုံးနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

No comments:

Post a Comment