Friday, February 28, 2014

မြောက်ကိုရီးယားသည် တာတိုပစ်ဒုံးကျည် လေးစင်းကို ပစ်လွတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြား



မြောက်ကိုရီးယားသည် တာတိုပစ်ဒုံးကျည် လေးစင်းကို တမင် သက်သက် ပစ်လွတ်ခဲ့တာ ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပါသည်။ မြောက်ကိုရီးယားသည် (၂၇-၂-၂၀၁၄) ရက်နေ့က ပင်လယ်၏ အရှေ့ဘက် ကမ်းရိုးတန်းပေါ်မှာ ဒုံးကျည် လေးစင်းကို ပစ်လွှတ်ခဲ့ပြီး အဲဒီလို ပစ်လွှတ်ခဲ့ ရခြင်း၏ ရည်ရွယ်ချက်နှင့် ဘာကြောင့် ပစ်လွှတ်ခဲ့တယ် ဆိုတာကိုလည်း ခိုင်လုံသည့် အကြောင်း ပြချက် ပြောကြားခြင်း မရှိကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန၏ မီဒီယာ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။


No comments:

Post a Comment