Saturday, February 1, 2014

ရေနံပိုက်လိုင်း စီမံကိန်းကို ခွင့်ပြုမိန့်ချမှတ်ရန် ဖိအားတစ်ရပ်ဖြစ်နေကြောင်း



အမေရိကန်သမ္မတ ဘားရတ်အိုဘားမားသည် Keystone XL ရေနံပိုက်လိုင်း စီမံကိန်းကို ခွင့်ပြုမိန့်ချမှတ်ရန်နှင့် ပတ်သက်ပြီး ဖိအားတစ်ရပ်ဖြစ်နေကြောင်း သိရသည်။ ၎င်းပိုက်လိုင်းသည် ရာသီဥတု ပြောင်းလဲမှုကို အကျိုးသက်ရောက်နိုင်ကြောင်း အတွဲပေါင်း(၁၁)တွဲပါ အစီရင်ခံစာ တစ်စောင်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ (၁) ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ၎င်းပိုက်လိုင်းသည် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေနိုင်ကြောင်း၊ ဒါဟာကမ္ဘာကြီး ပူနွေးလာမှုကို များစွာအကျိုးသက်ရောက်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်သူများက ပြောကြားခဲ့ကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

No comments:

Post a Comment