Saturday, February 1, 2014

Ooredoo Myanmar Limited နှင့် KMA Group of Companies တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနား



Ooredoo Myanmar Limited နှင့် KMA Group of Companies တို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကို ယမန်နေ့ ညပိုင်းတွင် ဗဟန်းမြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်းသစ်ရှိ Co-operative Business Center တွင် ကျင်းပပါသည်။ CB Bank နှင့် KMA Group of Companies မှ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီး ကာတာနိုင်ငံ Ooredoo Group မှ ဥက္ကဋ္ဌ Sheik Abdullah Bin Mohammed Bin Sand Al-Thani က နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အခမ်းအနားနှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြပါသည်။ 

No comments:

Post a Comment