Saturday, March 29, 2014

ဆွစ်ဇလန်နိုင်ငံတွင် Basel world နာရီပြပွဲ ပြုလုပ်ကျင်းပ

ဆွစ်ဇလန်နိုင်ငံတွင် Basel world နာရီပြပွဲကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရပါသည်။ (၂၀၁၃) ခုနှစ်က ဆွစ်နာရီတင်ပို့မှုများဟာ (၁.၉) ရာခိုင်နှုန်း ထိ တအိအိနဲ့ ကျဆင်းခဲ့ပြီး ယခင်နှစ်များကတော့ (၁၁) ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ပါသည်။ ပါဝင်ပြသသူပေါင်း (၁၅၀၀) ခန့် ပါဝင်တဲ့ တစ်ပတ်ကျော်ကြာ ၄င်းပြပွဲကြီးသို့ ကမ္ဘာတစ်ဝန်းလုံးမှ ခရီးသွား (၁) သိန်း ကျော် လာရောက်မယ်လို့ ခန့်မှန်း ထားပေမယ့် လာရောက်ကြည့်သူနည်းပါးနေပြီး လက်လီရောင်းချသူများအတွက်တော့ နှစ်စဉ်အမှာစာများကို ရရှိလျက်ရှိကြောင်းလဲ သိရပါသည်။ 

No comments:

Post a Comment