Monday, March 31, 2014

ရခိုင်ပြည်နယ်အတွင်း ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် စစ်တွေ့မြို့တွင် ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် မတ်လ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် အဖွဲ့ဝင်များနှင့်အတူ ကျောက်တော်မြို့နယ်သို့ ရောက်ရှိကြသည်။ ရှေးဦးစွာ ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် ကျောက်တော်မြို့ ပိန္ဒဲချောင်း ကျေးရွာနှင့် မြို့သစ်ရပ်ကွက်ရှိ ဒေသခံပြည်သူများအား သန်းခေါင်စာရင်း ကောက်ယူနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုကာ ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ကျောက်တော်မြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။

No comments:

Post a Comment