Saturday, March 29, 2014

မြန်မာနိုင်ငံမှာ တတိအကြိမ်အဖြစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို (၁၂) ရက်ကြာ စတင်ကောက်ယူ တော့မည်

မြန်မာနိုင်ငံမှာ တတိအကြိမ်အဖြစ် ကောက်ယူမယ့် သန်းခေါင်စာရင်းကို လာမယ့် တနင်္ဂနွေနေ့မှ စတင်ကာ (၁၂) ရက်ကြာ စတင်ကောက်ယူတော့မှာ ဖြစ်ပြီး ဒုတိယအကြိမ်ကောက်ယူပြီး နှစ်ပေါင်း (၃၀) ကျော် ကြာပြီးမှ ကောက်ယူနိုင်တာလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်လိုပြီး တိုင်းရင်းသား လူမျိုးများ အကြား ပဋိပက္ခချုပ်ငြိမ်းရေးကိုလည်း ဆောင်ရွက်ရေးနဲ့မှ နိုင်ငံနဲ့လူမျိုးအကျိုးအတွက် စီမံကိန်းများ ရေးဆွဲဖို့အတွက် ယခုလို သန်းခေါင်စာရင်းကောက်ဖို့ ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ ယခုလို အောင်မြင်စွာနဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့အတွက် ကုလသမဂ္ဂမှ များစွာကူညီခဲ့ပြီး ငွေကြေးအားဖြင့် ဒေါ်လာ (၆၅) သန်းထောက်ပံ့ခဲ့တယ်လို့ သိရှိရပါသည်။ 

No comments:

Post a Comment