ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေ စည်သူ အဂ္ဂ မဟာ သီရိ သုဓ္ဓမ ဦးသိန်းစိန်ထံမှ
၂၀၁၄ ခုနှစ် တောင်သူ လယ်သမားနေ့ အခမ်းအနားသို့ သ၀ဏ်လွှာပေးပို့ပါသည်။ ယနေ့ အချိန် အခါ
သမယသည် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် တစ်ဝန်းလုံးရှိ တောင်သူ လယ်သမားကြီး များအား
အထူး အလေး အနက် ဂုဏ်ပြု သတ်မှတ်ထားရှိသည့် သမိုင်းဝင် နေ့ထူး နေ့မြတ်ကြီး ဖြစ်ပါသည်။
အစဉ် အလာ ကြီးမားသော မင်္ဂလာ ရက်မြတ် အချိန် အခါ သမယတွင် တောင်သူ လယ်သမားကြီးများ အားလုံး
ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်း အပေါင်းနှင့် ပြည့်စုံကြလျက် ကောင်းကျိုး မင်္ဂလာ
အဖြာဖြာ တို့နှင့် ပြည့်စုံ ကြပြီး လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများ ဆတက်ထမ်းပိုး
ပိုမို တိုးတက် ဖြစ်ထွန်း အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်း
ဆက်သအပ်ပါသည်။
No comments:
Post a Comment