Tuesday, April 29, 2014

ဘက်စုံပညာ ထူးချွန်လူငယ်များ အင်းလေးကန်အတွင်း လေ့လာရေး ခရီးသွားရောက်



ဘက်စုံပညာ ထူးချွန် လူငယ် အင်းလေး အပန်းဖြေစခန်းမှ ကျောင်းသား ကျောင်းသူများသည် ဧပြီလ (၂၉)ရက်တွင် အင်းလေးကန် အတွင်းသို့ လေ့လာရေး ခရီး သွားရောက်ခဲ့ကြသည်။ ပထမဦးစွာ ဘက်စုံပညာ ထူးချွန် လူငယ်များသည် အင်းလေးကန်ဒေသ စိမ်းလန်း စိုပြေရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ခရီးစဉ်တစ်လျှောက် လေ့လာခဲ့ကြသည်။ ထို့နောက် အင်းလေးဒေသ ရိုးရာ စိုက်ပျိုးရေး လုပ်ငန်းဖြစ်သည့် ကေလာကျေးရွာရှိ ရေခြံစိုက်ပျိုး လုပ်ကိုင်နေမှု လုပ်ငန်းများ၊ ဟဲယာရွာမ ကျေးရွာရှိ စိန်သမာဓိ ရွှေထည်ငွေထည် လုပ်ငန်း၊ အင်းပေါခုံ ကျေးရွာရှိ မြစကြ်ာ ရက်ကန်းလုပ်ငန်း၊ ကြာပင်မှ ကြာချည်ထုတ်လုပ်နေမှု လုပ်ငန်းများ၊ ပိုးထည်နှင့် ချည်ထည် လုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။

No comments:

Post a Comment