Friday, April 4, 2014

အမေရိကန်ရဲ့ အဝေးပြေးလမ်းမများပေါ်တွင် ကားတစ်စီးနဲ့တစ်စီး ယာဉ်ကြောပိတ်ဆိုမှုကို အသိပေးနိုင်မယ့် စနစ်ကို တပ်ဆင်ရန် စီစဉ်

အမေရိကန်နိုင်ငံရဲ့ အဝေးပြေးလမ်းမများနှင့် ကားလမ်းမများပေါ်တွင် လူးလာခေါက်ပြန်သွားလာနေကြတဲ့ ကားတစ်စီးနဲ့တစ်စီးအကြား ဆက်သွယ်နိုင်ပြီး ယာဉ်ကြောပိတ်ဆိုမှုများကို အပြန်အလှန်အသိပေးနိုင်မယ့်  စနစ်တစ်ခုကို တပ်ဆင်ရန် စီစဉ်နေကြောင်း သိရပါသည်။ ယခုစနစ်ဟာ ထရပ်ကားတွေနဲ့ အခြားကားတွေကို တစ်စီးနဲ့ တစ်စီး ဆက်သွယ်နိုင်ဖို့ စီစဉ်ထားပြီး ယာဉ်မောင်းတွေကို မြန်နှုန်းမြင့်ယာဉ်နဲ့ ယာဉ်တိုက်မှုဖြစ်စဉ်များ အစရှိတဲ့ ယာဉ်ကြောပြသနာများကို အသိပေးနိုင်မှာ ဖြစ်ကြောင်း သိရပါသည်။ Vehicle-to Vehicle technology (V2V) လို့အမည်ပေးထားတဲ့ ယာဉ်မှယာဉ်သို့ ဆက်သွယ်နိုင်မည့် ဒီနည်းပညာကို (၃) နှစ်အတွင်း ဖော်ဆောင်နိုင်ဖို့ အမေရိကန် ကုန်းလမ်းဆက်သွယ်ရေးဌာနက အစီအစဉ်များကို ထုတ်ပြန်ထားပါသည်။ 

No comments:

Post a Comment