Friday, April 4, 2014

အာဖဂန် သမ္မတ ရွေးကောက်ပွဲ မဲဆန္ဒပေးပွဲကျင်းပရာမှာ တာလီဘန်တပ်ဖွဲ့ဝင်များက မဲရုံများကို ဗုံးခွဲတိုက်ခိုက်ရန် ကြေငြာထား

ဒီကနေ့မှာ ကျင်းပမဲ့ အာဖဂန် သမ္မတ ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးပွဲကျင်းပရာမှာ အခက်အခဲ ရှိနိုင်ကြောင်းနှင့် တာလီဘန်တပ်ဖွဲ့ဝင်များကလည်း မဲရုံများကို ဗုံးခွဲတိုက်ခိုက်ရန် ကြေငြာထားကြောင်း သိရပါသည်။ သမ္မတ Hamid Karzai အနေဖြင့်လည်း ဒီချိန်းခြောက်မှုများကို မဲဆန္ဒပေးခြင်းဖြင့် ကျော်လွှားရန် ပြောကြားထားကြောင်း သိရပါသည်။ ရွေးကောက်ပွဲမကျင်းပမှီ အကြိုနေ့ကပင် မြို့တော် ကာဘူးလ်တွင် လုံခြုံရေးများကို တင်းကျပ်ထားပြီး နိုင်ငံတစ်ဝှမ်းတွင် မဲဆန္ဒပုံးများကို အနယ်အရပ်ရပ်သို့ ဖြန့်ထားပြီး ဖြစ်ကြောင်း သိရပါသည်။ နိုင်ငံတစ်ဝှမ်းတွင် မဲရုံပေါင်း နှစ်သောင်းရှစ်ထောင်ကျော်ရှိပြီး လုံခြုံရေး အခက်အခဲများကြောင့် မဲဆန္ဒနယ် (၁၀%) ကို ပိတ်ထားရနိုင်ကြောင်း သိရပါသည်။ 

No comments:

Post a Comment