Sunday, April 27, 2014

ရေကြီးရေလျှံမဖြစ်စေရန် ထိန်းသိမ်းရေး လုပ်ငန်းများနှင့် အထပ်မြင့် အိမ်ရာစီမံကိန်း လုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ကျင်းပ



ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များတွင် ရေကြီးရေလျှံမှု မဖြစ်စေရန် ထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးတင့်သည် ဧပြီလ (၂၆)ရက် မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) ငမိုးရိပ် ချောင်းတစ်လျှောက် စည်ပင်သာယာရေး စီးပွားရေးဇုန်၊ ပါရမီဘေလီ တံတားအနီး ထုတ်တန်းရိုက် မြေဖြည့်တာဘောင်ဖို့ခြင်း လုပ်ငန်းအား ဆည်မြောင်းဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ သဲကွင်းရေတံခါး ဆောင်ရွက်နေမှု၊ တပင်ရွှေထီးလမ်းနှင့် မန္တလေး လမ်းထောင့်ရှိ ရေထုတ်ပြွန် Box Culvert  ၅/၂၀ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးရာ မိုးမကျမီ လုပ်ငန်းများ ပြီးစီးရေး၊ ယာဉ်သွားလာမှု ချောမွေ့ပြီး ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြု ကြပ်မတ် ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့သည်။

No comments:

Post a Comment