နိုင်ငံတကာမှ
ကယ်ဆယ်ရေး အဖွဲ့များဟာ ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို ရှာဖွေနေခဲ့တာ (၃) ပတ်ကျော်ကြာခဲ့ပြီ
ဖြစ်ပါသည်။ ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းတဲ့ မြေပြင်နဲ့ ရေပြင်ကို ရှာဖွေခဲ့ကြပြီး
အခုတစ်ကြိမ်မှာတော့ ရေအောက်ကို စတင်ရှာဖွေဖို့ လုပ်နေကြပါသည်။ ဘလက်ဘောက်စ်ရဲ့ လေယာဉ်တည်နေရာပြစနစ်ကို
ရေငုပ်ရှာဖွေရေး ယာဉ်များအသုံးပြုကာ ရှာဖွေဖို့ ပြုလုပ်မှာ ဖြစ်ပြီး လူလိုက်ပါခြင်း
မရှိတဲ့ အမေရိကန်လုပ် ရေငုပ်ယာဉ်ငယ်များနဲ့ ဖြစ်ပါသည်။ ၄င်းစက်ပစ္စည်းများကို သြစတြေးလျနိုင်ငံ
ပါ့သ်မြို့ရှိ သင်္ဘောများနဲ့ သယ်ဆောင်သွားမှာ ဖြစ်ကာ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းမှာ ရှာဖွေမှုပြုမှာ
ဖြစ်ပါသည်။ (၆) နိုင်ငံမှ ရေ၊ လေနဲ့ ရှာဖွေခဲ့ပေမယ့်လို့
သံသယဖြစ်ဖွယ် မည်သည့်အရာကိုမျှ မတွေ့ရှိသေးကြောင်း သိရပါသည်။
No comments:
Post a Comment