အဝေးပြေးကုန်စည်ပို့ဆောင်မှု စနစ်တကျရှိလာရေးအတွက် စည်းကမ်းချက်တွေထုတ်ပြန်သွားတော့မှာဖြစ်ပါသည်။
ကုန်သွယ်ရေးစနစ်ပိုမိုမြန်ဆန်လာစေရေးနှင့် ကုန်စည်ပျက်စီးမှုအာမခံတိကျလာရေးတွေအတွက်
စည်းကမ်းချက်တွေ ထုတ်သွား မှာဖြစ်သည့်အကြောင်း အဝေးပြေးကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုအသင်း၏ဥက္ကဋ္ဌကပြောပါသည်။
ကုန်စည် ပို့ဆောင်ရေးဆောင်ရွက်ရာမှာ ၀န်ဆောင်မှုအေးဂျင့်တွေ၊ ကုန်တင်ဂိတ်တာဝန်ခံတွေနှင့်
ကုန်ကားပိုင်ရှင်တွေအကြား ကုန်စည်၏ အာမခံချက်တိကျမှုမရှိသေးသည့်အပြင် ကုန်သွယ်ရေးနှောင့်နှေးမှုနှင့်တိကျသည့်တာဝန်ယူမှုတွေ
လိုအပ်နေ တာကြောင့် ယခုလိုဆောင်ရွက်ရတာဖြစ်တယ်လို့ ပြောပါသည်။
No comments:
Post a Comment