ဂျာမနီ ဘဏ္ဍာရေးဝန်ကြီး ဝေါ့ဖ်ဂန်း ရှဲဗျူးရဲ့
ပြောကြားချက်အရ ဂျာမနီ နိုင်ငံအနေဖြင့် ဂရိနိုင်ငံအား ယခုနှစ်အတွင်း
ငွေကြေးထောက်ပံ့မှုများ လိုအပ်လာမည်ဆိုပါက ငွေကြေးထောက်ပံ့မှုများ
ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါသည်။ ဥရောပဇုန် အစိုးရများအနေဖြင့်
ဂရိနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပြည်တွင်းအခွန် အကျပ်အတည်းများကို
ကျော်လွှားနိုင်ဖို့ ယူရို (၂၄၀) ဘီလီယံကို ထုတ်ချေးထားခဲ့တာ ဖြစ်ကြောင်း
သိရပါသည်။ ဂျာမနီနိုင်ငံဟာ ဂရိနိုင်ငံကို အဓိကချေးငွေ
ထုတ်ပေးသူတစ်ဦးဖြစ်ပြီး ဂရိနိုင်ငံဟာ ၄င်းရဲ့ ကြွေးမြီပြသနာများ
စတင်ခဲ့ပြီးနောက် (၂၀၁၄) ခုနှစ်အတွင်း ရလဒ်ကောင်းများရရှိရန်
အာရုံစူးစိုက်နေကြောင်း သိရပါသည်။
No comments:
Post a Comment