Monday, April 28, 2014

မြန်မာ့ခရီးသွားကဏ္ဍ ပင်လယ်ကွေ့နိုင်ငံများကိုဆွဲဆောင်နိုင်



မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍက အလျှင်အမြန်ဖွံ့ဖြိုးတိုးတက်လာနေတာကြောင့် ပင်လယ်ကွေ့နိုင်ငံတွေ၏ရင်းနှီးမြှုပ်နှံမှု ကိုဆွဲဆောင်နိုင်သည့်အခြေအနေရှိနေကြောင်း ဂတ်ဖ်တိုင်းမ်သတင်းဌာန ကရေးသားဖော်ပြ လိုက်ပါတယ်။ မြန်မာနိုင်ငံ ကို နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှုက လွန်ခဲ့သည့် ၂၀၁၂ခုနှစ်နှင့်နှိုင်းယှဉ်ရင် ၂၀၁၃ခုနှစ်မှာ ၉၃ရာခိုင်နှုန်း ထိ မြင့်တက်လာခဲ့ပါသည်။ ထိုအပြင် ၀င်ငွေအနေနှင့်လည်း ၂၀၁၂ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း၄၀၀ရရှိခဲ့ရာကနေ ၂၀၁၃ခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်း၉၀၀ကျော်အထိ ၂ဆကျော်မြင့်တက်လာခဲ့ပါသည်။ ခရီးသွားဧည့်သည် ၀င်ရောက်မှုက ဆက်တိုက်တိုးတက်လာနေပြီး ၂၀၁၂ခုနှစ်မှာ နိုင်ငံတကာခရီးသွားဧည့်သည် ၂သန်းဝင်ရောက်ခဲ့ပြီး၊ လာမည့် ၂၀၁၅ခုနှစ်မှာ ခရီးသွားဧည့်သည် ၅သန်းထိလာရောက်နိုင်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဧပြီလ အတွင်းမှာပြောခဲ့ဖူးပြီး လည်းဖြစ်ပါသည်။ 

No comments:

Post a Comment