Friday, April 4, 2014

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖြူးမြို့နယ် မြို့မိမြို့ဖများအား တွေ့ဆုံအမှာစကားပြောကြား

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် (၄-၄-၂၀၁၄) ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖြူးမြို့နယ် မြေအသုံးချ စီမံခန့်ခွဲရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီနှင့် မြို့မိမြို့ဖ များအား တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပါသည်။

No comments:

Post a Comment