Wednesday, April 30, 2014

ရေဖြူမြို့နယ်သို့ နယ်လှည့် သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) စတုတ္ထနှစ် သင်တန်းမှ ကျောင်းသား/ကျောင်းသူများသည် နယ်လှည့် ကျန်းမာရေး သွားနှင့်ခံတွင်း စစ်တမ်းကောက်ယူခြင်း၊ ကွင်းဆင်း ကုသခြင်း၊ ပညာပေး ဟောပြောခြင်း လုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက် ကျေးရွာတွင် ဧပြီလ (၂၈) ရက်နေ့တွင် အခြေခံ ပညာ အထက်တန်းကျောင်း ကံပေါက် ပညာရတနာကျောင်း ခန်းမတွင် ကျေးရွာနေ ပြည်သူ (၁၅၀) ဦး အခမဲ့ ဆေးကုသခြင်း၊ သွားနှင့် ခံတွင်း ဆိုင်ရာ ကျန်းမာရေး အသိ ပညာပေးခြင်းတို့ကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပါသည်။ 

No comments:

Post a Comment