အာရှ
ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် စစ်ရေးချိန်ခွင်လျှာ ညီမျှအောင် ပြန်လည်ပြုလုပ်ခြင်းဟာ
တရုတ်နိုင်ငံအား ဆန့်ကျင်ခြင်း (သို့) ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း အမေရိကန် အာဆီယံ
ညီလာခံမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေးဂဲလ်က ဧပြီ (၃) ရက်နေ့က ပြောကြားခဲ့ပါသည်။
တရုတ် - အမေရိကန် ဆွေးနွေးမှုများမှာ ပူးတွဲစစ်ရေး လေ့ကျင့်မှုနဲ့ အဆင့်မြင့် အရာရှိများ
ဆွေးနွေးပွဲကဲ့သို့သော ကဏ္ဍများမှာ သိသာတဲ့ ဖွံ့ဖြိုးမှုများကို
ရရှိခဲ့ကြောင်း အမေရိကန် ကျွမ်းကျင်သူများက မကြာသေးခင် နှစ်များက ပြောကြားခဲ့ပါသည်။
မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးစင်တာနဲ့ အာရှအတွက် အကြံပေးအရာရှိ Bonnic Glaser
က အမေရိကန် - တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးဟာ အာရှ-ပစိဖိတ်ဒေသနဲ့ နှစ်နိုင်ငံ အကျိုးစီးပွားမှာ
အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါသည်။
No comments:
Post a Comment