လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်သည် ဧပြီ ၂၅ ရက် နေ့လည် (၂)နာရီတွင်
ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် မြို့ကြီး
ရေလှောင်တမံ ဘက်စုံစီမံကိန်း ရှုရပ်နေရာမှ စီမံကိန်းလုပ်ငန်းခွင် ဆောင်ရွက်ထားရှိမှု
အခြေအနေနှင့် စီမံကိန်း လုပ်ငန်းခွင် ပုံစံငယ်တို့ကို ကြည့်ရှုသည်။ ထို့နောက် စီမံကိန်း
ရှင်းလင်းဆောင်၌ တည်ဆောက်ရေး စီမံကိန်း တာဝန်ခံ အင်ဂျင်နီယာ ဦးမြင့်က မြို့ကြီးရေလှောင်တမံ
ဘက်စုံစီမံကိန်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း၊ ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကျော်မြင့်လှိုင်က စီမံကိန်း တစ်ခုလုံး ပြီးစီးရန် ဆောင်ရွက် လျက်ရှိပြီး မိတ္ထီလာလွင်ပြင်
စိမ်းလန်းစိုပြည်ရေးအတွက် တိုက်ရိုက် အကျိုးရှိသော လယ်မြေဧက ၃၃၀ဝ၀ ကျော်ကို စိုက်ပျိုးရေပေးဝေနိုင်မည်
ဖြစ်ကြောင်း၊ ၁၅ မဂ္ဂါဝပ် ရေအားလျှပ်စစ် တာဘိုင်နှစ်လုံး
တပ်ဆင်မည်ဖြစ်၍ ရေအားလျှပ်စစ်ပစ္စည်းများ တာဘိုင်များ ရောက်ရှိ တပ်ဆင် ပြီးစီးမှုကို
လည်းကောင်း ဖြည့်စွက် ဆွေးနွေးကြသည်။
No comments:
Post a Comment