နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်းအား ဂျပန်နိုင်ငံ တရားရေး
ဒုတိယ ၀န်ကြီး Mr. Shinsuke OKUNO ခေါင်းဆောင်သော ဂျပန် ကိုယ်စားလှယ်အဖွဲ့သည် ဧပြီလ
(၃၀) ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး
အစည်းအဝေးခန်းမသို့ သွားရောက် တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် နိုင်ငံတော် ဖွဲ့စည်းပုံ
အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး၏ လုပ်ငန်း တာဝန်များ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိစ္စရပ်များ၊
နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စရပ်များ၊ တရားဥပဒေရေးရာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို
အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
No comments:
Post a Comment