Tuesday, April 1, 2014

Eline BVBA ရုပ်သံထုတ်လုပ်ရေးကုမ္ပဏီမှ ထုတ်လုပ်သူနှင့် တွေ့ဆုံခြင်း



Peking Express အဖွဲ့ဝင် ခရီးသည်များအားလုံး စင်းလုံးငှားလေယာဉ်ဖြင့် မန္တလေးမြို့မှ အိန္ဒိယနိုင်ငံ၊ ဂူဝါဟာတီမြို့သို့ (၁-၂-၂၀၁၄)ရက်နေ့ မွန်းလွဲ (၁)နာရီတွင် ထွက်ခွာသွားခဲ့ပါသည်။ ဒီကနေ့မွန်းလွဲပိုင်းတွင် အဆိုပါအဖွဲ့၏ ထုတ်လုပ်သူ Mr.Philip Henderickx သည် ၄င်း၏ မြန်မာနိုင်ငံခရီးစဉ် ဗီဒီယိုမှတ်တမ်းခွေအား ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်အား လာရောက်ပြသပြီး လိုအပ်ပါက အသုံးပြုနိုင်ရန် ပေးအပ်ခဲ့သည်။ ၄င်းအခွေအား အဆိုပါ TV Channel M 6 မှ ဧပြီလတွင် ထုတ်လွှင့်ပြသရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment