Saturday, May 31, 2014

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် ဖွင့်ပွဲ



ကယားပြည်နယ် လွိုင်ကော်မြို့သည် အေးချမ်း တည်ငြိမ်မှု ရလာတာနှင့်အမျှ လမ်းပန်း ဆက်သွယ်ရေးသည်လည်း ကောင်းမွန်လာသည့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များ စီးပွားရေး လုပ်ငန်းတွေ ရင်းနှီးမြှပ်နှံရန် အချက်အချာကျလာသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ လွိုင်ကော်မြို့တွင် ပုဂ္ဂလိကဘဏ်များဖြစ်သည့် ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ စီဘီဘဏ် ဖွင့်လှစ်ပြီး ဖြစ်ပြီး ယခုမှာ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက်မှလည်း လာရောက် ဖွင့်လှစ်နေပြီ ဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို မေလ (၃ဝ)ရက် နံနက်က လွိုင်ကော်မြို့ မင်းစုရပ်ကွက်မှာ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ မြို့မိမြို့ဖ ဦးကျော်မိုး၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက် မှ ဦးသက်လွင်ရွှေ တို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါတယ်။ လွိုင်ကော်မြို့တွင် လာရောက် ဖွင့်လှစ်ဖြစ်ပုံနှင့် ပတ်သက်ပြီး တာဝန်ရှိသူက ယခုလို ပြောကြားသွားသည်။ ဖွံ့ဖြိုးတိုးတက်လာနဲ့အမျှ ခေတ်မီနည်းပညာတွေလည်း ပေါ်ထွန်းလာတဲ့အတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ ခေတ်မီ အီလက်ထရောနစ် ငွေထုတ်ကဒ် အသုံးပြု ငွေသား ထုတ်ယူနိုင်သော အလိုအလျောက် ငွေထုတ်စက် နဲ့ ပတ်သက်ပြီး အခုလို ပြောကြား သွားပါတယ်။ ယခုလို ပုဂ္ဂလိက လုပ်ငန်းရှင်တွေ စိတ်ပါဝင်စားပြီး စီးပွားရေး လုပ်ငန်းတွေ လာရောက်အခြေချ ရင်းနှီးမြှုပ်နှံ နေကြပြီဖြစ်တာကြောင့် လူနေမှုအဆင့်အတန်း မြင့်မားလာတာနှင့်အညီ အသိပညာ ဗဟုသုတလည်း ကျယ်ပြန့်တော့မှာ ဖြစ်ပါသည်။

No comments:

Post a Comment