၂၀၁၄
ခုနှစ် နိုင်ငံတော် သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆု ဂုဏ်ပြု မှတ်တမ်းလွှာ ဆက်ကပ်ခြင်း
အခမ်းအနားနှင့် နိုင်ငံတော် သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို
မေလ (၃) ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပပါသည်။ အခမ်းအနားတွင်
ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်ခြင်း ခံယူတော်မူကြမည့် ဆရာတော်ကြီး (၈)ပါး၏ သာသနာရေးနှင့်
လူမှုရေးဆိုင်ရာ စွမ်းဆောင်ချက်များကို တစ်ပါးချင်းစီအလိုက် ထုတ်နုတ်ဖော်ကျူးပြသပါသည်။
ဆရာတော်ကြီးများအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို
ဆက်ကပ်ပါသည်။
No comments:
Post a Comment