နိုင်ဂျီးယားရဲ့
မြို့တော် အဘူဂျီအာရဲ့ မြို့ဆင်ခြေဖုံးအရပ်မှာ
ကားဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ (၁၅) ဦး သေဆုံးခဲ့ရပါသည်။ ပြီးခဲ့တဲ့လကလဲ မြို့ဆင်ခြေဖုံးရပ်ကွက်
တစ်ခုဖြစ်တဲ့ Nyanya ရှိ ဘတ်စ်ကားရုံး မှာလဲ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး
(၇၅) ဦး သေဆုံးခဲ့ပါသည်။ ဧပြီလ (၁၄) ရက်နေ့ တိုက်ခိုက်မှုပြီးကတည်းက ဘိုကိုဟာရမ် အဖွဲ့နဲ့
အစိုးရတပ်ဖွဲ့တို့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါသည်။ ပြီးခဲ့တဲ့တိုက်ခိုက်မှုဟာ
အစိုးရအတွက်တော့ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာခဲ့ပြီး အဲ့ဒါက မေလ(၇) ရက်နေ့ကနေ (၉) ရက်နေ့ထိ
အဘူဂျီးအာမှာ ကျင်းပမယ့် ကမ္ဘာစီးပွားရေး ဖိုရမ်ရဲ့ လုံခြုံရေးအတွက် ကြီးမားတဲ့ စိုးရိမ်စရာ
ဖြစ်လာခဲ့ပါသည်။ မေလ (၁) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ၄င်းကားဗုံးပေါက်ကွဲမှုအပြီး ဒေသခံများနဲ့
ဆိုင်ရှင်များဟာ (၂-၅-၁၄) ရက်နေ့က မနက်ပိုင်းမှာ အခင်းဖြစ်ပွားရာ အပျက်အစီးကြားမှာ
စုဝေခဲ့ကြပြီး တိုက်မှုတွေ မြင့်တက်လာခဲ့တဲ့အတွက် ၄င်းနေရာမှာ မနေနိုင်တော့ကြောင်း အချို့က
ပြောကြားခဲ့ပါသည်။
No comments:
Post a Comment