Saturday, May 31, 2014

မင်းတပ်မြို့နယ် သွီပန်ကျေးရွာ ရာဇမုနိမာန်အောင်မြင် ဆုတောင်းပြည့် စေတီတော် ရွှေထီးတော် တင်လှူ ပူဇော်ပွဲ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းသည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်သော ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးငွန်ဆန်းအောင်၊ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးနိန်နိုင်း နှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မေလ (၂၂)ရက်နေ့ နံနက်တွင် မင်းတပ်မြို့နယ်၊ သွီပန်း ကျေးရွာ ရာဇမုနိမာရ်အောင်မြေ ဆုတောင်းပြည့် စေတီတော် ရွှေထီးတော်တင် မင်္ဂလာ အခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် တရားနာရေစက်ချ အခမ်းအနားသို့ တက်ရောက်ပါသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက စေတီတော်ကို လှည့်လည် ပူဇော်ပြီး စွန်တောင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ နှင့် ဘုရားဒါယကာများ ဖြစ်ကြသော ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် မိသားစု ပါဝါဆဲဗင်း ကုမ္ပဏီပိုင်ရှင် ဦးဆန်နီနှင့် မိသားစုတို့က ရွှေထီးတော်ကို တင်လှူပူဇော်ပါသည်။ အဲဒီနောက် ပင့်သံဃာတော်များက ဗုဒ္ဓဘိသေက အနေကဇာတင် ကြပါသည်။ ဆက်လက်ပြီး မင်းတပ်မြို့၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်းဆရာတော် သဒ္ဒမ္မ ဇောတိကဓဇ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ ဘဒ္ဒန္တ သောဘဏ ထံမှ ငါးပါးသီလ ဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက ပရိတ် တရားတော်များ ချီးမြှင့်ကြကာ အလှူရှင်များမှ သံဃာတော်များအား လှူဖွယ် ဝတ္ထုများ ဆက်ကပ် လှူဒါန်း ကြပါတယ်။ အဲဒီနောက် မင်းတပ်မြို့ မြို့ဦးကျောင်းဆရာတော် မှ အနုမောဒနာ တရားချီးမြှင့်ကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။


No comments:

Post a Comment