Saturday, May 31, 2014

၂ဝ၁၄ ခုနှစ် ဇေယျာပညာသင်ဆုနှင့် ဦးတင်မောင် ပညာသင်ဆုများ ထောက်ပံ့ပေးအပ်ပွဲ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၊ မြို့တော်ခန်းမတွင် ၂ဝ၁၄ ခုနှစ်


 ဇေယျာပညာသင်ဆုနှင့် ဦးတင်မောင် ပညာသင်ဆုများ ထောက်ပံ့ပေးအပ်ပွဲကို မေလ(၂၉)ရက် မွန်းလွဲ(၁)နာရီက ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားရာတွင် ဇေယျာ ပညာသင်ဆုနှင့် ဦးတင်မောင် ပညာသင်ဆု ပေးအပ်မှုကို နှစ်စဉ်ဆောင်ရွက်ခဲ့ရာ ယခုအထိ တက္ကသိုလ် ကျောင်းသား(၈၁ဝ)ရှိပြီး ဘွဲ့ရပြီးသူ (၁၄၉)ဦးရှိပြီး ဦးတင်မောင် ပညာသင်ဆု ချီးမြှင့်ခဲ့သူ (၂)ထောင့်(၃၈ဝ) ရှိပြီး ဘွဲ့ရပြီးသူ (၂၄ဝ) ရှိပြီဖြစ်ပါကြောင်း၊ ယခု ၂ဝ၁၄-၂ဝ၁၅ ပညာသင်ဆုနှင့် ဦးတင်မောင် ပညာသင်ဆုအဖြစ် တက္ကသိုလ် အသီးသီးတွင် တက်ရောက်မည့် ကျောင်းသား ကျောင်းသူ (၂၄၈)ဦးတို့ကို (၇ဝ၉.၇)သိန်း ချီးမြှင့်မှာ ဖြစ်ပါကြောင်းဖြင့် ထည့်သွင်းပြောကြား ခဲ့ပြီး ဟွန်ဒါမြန်မာ ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာက ဦးတင်မောင် ပညာသင်ဆု ပေးအပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြား ပါတယ်။ ဆက်လက်ပြီး ဇေယျာပဒေသာ ဖောင်ဒေးရှင်း နာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက တက္ကသိုလ် အသီးသီးတို့တွင် တက်ရောက်ကြမည့် ပညာသင်ဆုရ ကျောင်းသား ကျောင်းသူများကို ပညာသင်ဆုများ ပေးအပ်ချီးမြှင့်ပြီး အလှူရှင်များက အလှူငွေများကို ပေးအပ်ကြရာ ဇေယျာပဒေသာ ဖောင်ဒေးရှင်း နာယက၊ ဥက္ကဠနှင့် တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ယြ်။ အဲဒီနောက် ပညာသင်ဆုရ ကျောင်းသား ကျောင်းသူများကိုယ်စား နည်းပညာ တက္ကသိုလ် ကျောင်းသား မောင်စန်းလွင်ဦးနှင့် ကွန်ပျူတာတက္ကသိုလ် ကျောင်းသူ မကေခိုင်ဆွေတို့က ကျေးဇူတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။ 

No comments:

Post a Comment