နေပြည်တော် ကောင်စီဟာဆိုရင် ပြည်ထောင်စု နယ်မြေ တစ်ခုဖြစ်တာနဲ့
အညီ နိုင်ငံတော် အဆင့် အခမ်းအနားနဲ့ အခြားသော အခမ်းအနားများ နေ့စဉ် ကျင်းပနေရတဲ့ နေရာတစ်ခုပဲ
ဖြစ်ပါသည်။ အဲဒီလို အခမ်းအနားများ ကျင်းပရာမှာ အခမ်းအနား အစ၊ အလယ်၊ အဆုံး အဆင်ပြေ ချော့မွေ့စွာ
ပြီးစီး နိုင်ဖို့အတွက် အခမ်းအနားမှူးရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါလှပါသည်။ အခမ်း အနားမှူးကောင်း
တစ်ယောက်ဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့
လိုအပ်သလို အခမ်းအနားမှူးရဲ့ စွမ်းဆောင်ချက်ကြောင့် ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲ အဖြစ်လည်း
ရောက်ရှိ နိုင်ပါသည်။ နေပြည်တော် ကောင်စီ နယ်မြေ အမျိုးသမီး ရေးရာ အဖွဲ့မှ ကြီးမှူးကျင်းပတဲ့
အခမ်းအနားမှူး သင်တန်း (၁/၂၀၁၄) ဆင်းပွဲ အခမ်းအနားကို မေလ (၃၀)ရက်နေ့က နေပြည်တော်ရှိ
နေပြည်တော် ကောင်စီရုံး အစည်းအဝေး ခန်းမ(၂)မှာ ကျင်းပခဲ့ပါသည်။ အဲဒီ သင်တန်း ကျင်းပရခြင်းနဲ့
ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးမှ ပြောပြခဲ့သလို အခမ်းအနားမှူး တစ်ယောက်မှာ ရှိရမယ့် အရည်အချင်းတွေနဲ့
ပတ်သက် ပြီးတော့လည်း သင်တန်းနည်းပြ ဆရာမဖြစ်တဲ့ ပြန်ကြားရေး ဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး
(ငြိမ်း) ဒေါ်သန်းသန်းဝင်း ကလည်း ပြောပြခဲ့ပါသည်။ သင်တန်းကို သင်တန်းသူ အယောက်(၃၀)ကျော်
တက်ရောက်ခဲ့ပြီး သင်တန်းသူတွေ ကိုတော့ နေပြည်တော် ကောင်စီနယ်မြေ (၈)မြို့နယ်ရှိ ဌာနဆိုင်ရာများမှ
ရွေးချယ် ခဲ့တာဖြစ်ပါသည်။ သင်တန်းမှာ (၅)ရက်တာ သင်တန်းဖြစ်ပေမယ့် အခမ်းအနားရဲ့ သဘော
တရားတွေကို အချိန်တို အတွင်းမှာ စနစ်တကျ သင်ကြား ပြသမှုကြောင့် အကျိုး ကျေးဇူးများစွာ
ရရှိခဲ့ကြောင်း ကိုလည်း သင်တန်း တတ်ရောက်သူများက အခုလို ပြောပါသည်။
No comments:
Post a Comment