Friday, May 30, 2014

နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ လူနာများကို ခွဲစိတ်ကုသပေး

KBC ဆေးရုံနှင့် ကိုးရီးယားနိုင်ငံ GIC  အဖွဲ့တို့မှ ပူးပေါင်းပြုလုပ်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသ ပေးမှုကို မေလ (၃၀)ရက်နေ့ နံနက်(၉)နာရီက ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ ခွဲစိတ်ကုသပေးခဲ့ပါသည်။ KBC ရည်ရွယ်ချက် တစ်ခုဖြစ်တဲ့ ဆင်းရဲနွမ်းပါးတဲ့ သူများကို ကုသပေးခြင်း ဆိုသည့်အတိုင်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ(၁၇၃)ဦးကို ခွဲစိတ်ကုသပေးခဲ့ပြီး အခုခွဲစိတ်ကုသမှုမှာ (၇)ကြိမ်မြောက်ဖြစ်ပြီး လုနာအယောက် (၂ဝ)အား ခွဲစိတ်ကုသ ပေးလျက်ရှိပါသည်။ အဆိုပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူများကို မေလ(၃ဝ)မှ ဇွန်(၁)ရက်နေ့အထိ ခွဲစိတ်ကုသပေးမှာ ဖြစ်ကြောင်း သိရှိရပါသည်။ သည်းခြေကျောက်တည်တဲ့ လူနာများကို လာမည့်ဇူလှိုင်လ (၄)ရက် (၅)ရက်(၆)ရက်နေ့တွင် ကုသပေးမည် ဖြစ်ပါသည်။ ကုသမှုတွင် ခွဲစိတ်စရာ မလိုဘဲ ကုသပေးမည်ဖြစ်ပြီး လာရောက်ကုသလိုသည့် လုနာရှင်များအား KBC ဆေးရုံသို့ လာရောက်နာမည် ပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment