Saturday, May 31, 2014

၂၀၁၄-၂၀၁၅ခုနှစ် ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းပွဲ



လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင် နှင့်လပွတ္တာခရိုင် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂ဝ၁၄-၂ဝ၁၅ ခု၊ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို မေလ (၃၁)ရက်နေ့ နံနက် (၁ဝ)နာရီတွင် ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် ကျင်းပပြုလုပ် ခဲ့သည်။ အစီအစဉ်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် မှ အမှာစကား ပြောကြားရာတွင် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူများရဲ့ လူမှုရေး လိုအပ်ချက်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို မိမိတို့ ဝန်ကြီးဌာန အနေနှင့် တတ်နိုင်သလောက် ကြိုးစား ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်မှ အမှာစကား ပြောကြားပြီး တက်ရောက်လာကြသော ခရိုင်များရှိ လူမှုရေး အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များအား ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့မှ ထောက်ပံ့ငွေများ ပေးအပ်သည်။ အဲဒီနောက် ဂေဟာ အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်း ခဲ့သည်။ 

No comments:

Post a Comment