Saturday, May 31, 2014

ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့အခမ်းအနားကို နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီး ဌာန အစည်းအဝေး ခန်းမတွင် ကျင်းပ



သုတေသန တွေ့ရှိချက်များအရ ဆေးလိပ်ဆေးရွက်ကြီး အခွန်တိုးမြှင့်ခြင်းသည် ပြည်သူများအကြား ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှု လျော့ကျစေရန်နှင့် လူငယ်များ ဆေးလိပ်ဆေးရွက်ကြီးကို စတင်စမ်းသပ် သောက်သုံးခြင်းမပြုမိအောင် ကာကွယ်သည့် နေရာတွင် အထူး ထိရောက်ကြောင်း၊ ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ပြည်သူအများ ခံစားရသည့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ပြဿနာများကို လျော့ချနိုင်မည်ဖြစ်ပြီး တစ်ဘက်မှလည်း နိုင်ငံဝင်ငွေ တိုးလာသဖြင့် နိုင်ငံသားများ၏ ကျန်းမာရေး လူမှုရေးဆိုင်ရာ အသုံးစရိတ်များကို တိုးမြှင့် အသုံးပြုလာနိုင်မှာ ဖြစ်ကြောင်း၊ ၃၁-၅-၂၀၁၄ ရက်နေ့  နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီး ဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သော ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အခမ်းအနားတွင် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောကြားပါသည်။



No comments:

Post a Comment