အိန္ဒိယနိုင်ငံ
ကက်ရှ်မီးယားရှိ ဂျမူးတွင် မေလ (၃၁)ရက်နေ့ ညက ဟိုတယ် မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့ပြီး
ကမ္ဘာလှည့် ခရီးသွားအချို့ ဒဏ်ရာရခဲ့ကြောင်း သိရပါသည်။ ဟိုတယ်အနီးမှ ဆိုင်ပိုင်ရှင်တစ်ဦး၏
ပြောကြားချက်အရ မီးဟာ သန်းခေါင်ကျော်မှ စတင်ပြီး နံနက် (၃)နာရိထိ လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း
သိရပါသည်။ မီးလောင်ရာသို့ မီးသတ်ကားတစ်စီးသာ ရောက်ရှိခဲ့ပြီး ၄င်းဟိုတယ်မှာ နိုင်ငံခြားသားများ
နေထိုင်ကာ နံနက်(၆)နာရီလောက်မှာ ကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ
တစ်ဝန်းမှာ မီးမကြာခဏ လောင်ကျွမ်းလေ့ရှိပြီး လုံခြုံစိတ်ချရမှု လျော့ရဲခြင်းနှင့် ပြန်လည်သုံးသပ်မှု
ပေါ့လျော့ခြင်းကြောင့် အသက်နဲ့ စည်းစိမ်ဥစ္စာများ ဆုံးရှုံးနေကြောင်း သိရှိရပါသည်။
No comments:
Post a Comment