Saturday, May 3, 2014

ဂျာမနီဝန်ကြီးချုပ် အမေရိကန်သမ္မတနှင့် တွေ့ဆုံဆွေးနွေးရန် အိမ်ဖြူတော်သို့ ရောက်ရှိ

ဂျာမနီဝန်ကြီးချုပ် အန်ဂလာမာကဲလ်ဟာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် အိမ်ဖြူတော်သို့ (၂-၅-၁၄) ရက်နေ့က ရောက်ရှိခဲ့ပြီး ရုရှားနှင့် ယူကရိန်းအရေးကို အဓိကဆွေးနွေးမယ်လို့ မျှော်လင့်လျက်ရှိကြပါသည်။ မာကဲလ်ဟာ အမေရိကန်သို့ မလာရောက်မီ ရုရှား သမ္မတ ဗလာဒီမီယာပူတင်ကို ဖုန်းဖြင့် ဆက်ပြီး ယူကရိန်းရှိ  ရုရှားထောက်ခံသူများဖြစ်တဲ့ ဥရောပစစ်ရေး လေ့လာသူ များကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ပူတင်ကလည်း နိုင်ငံရဲ့ အရှေ့တောင်ပိုင်းရှိ ယူကရိန်း စစ်တပ်များ ပြန်လည်ထွက်ခွာခြင်းဟာ ပဋိပက္ခများကို အဆုံးသတ်စေမဲ့ အဓိက အချက်များဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါသည်။  

No comments:

Post a Comment