Saturday, May 3, 2014

မလေးရှား ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်ပြီး (၃)နိုင်ငံဆွေးနွေးပွဲတက်ရောက်ရန် Canberra မှာ အကြိုဆွေးနွေးပွဲ ပြုလုပ်

မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Hishammuddin Hussein ဟာ မလေးရှား ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်ပြီး တရုတ်၊ သြစတြေးလျတို့နဲ့ (၃) နိုင်ငံ ဆွေးနွေးပွဲတက်ရောက်ရန် Canberra မှာ ဆွေးနွေးပွဲအကြို ပြုလုပ်ခဲ့ကြောင်း (၂-၅-၁၄) ရက်နေ့က ပြောကြားလိုက်ပါသည်။ ၄င်းတို့ဟာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရပေမဲ့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိကြောင်းနဲ့ ၄င်းလေယာဉ်ကို မကြာမီ ဒါမှမဟုတ် နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိမယ်လို့ ယုံကြည်ကြောင်း ၄င်းကပြောကြားခဲ့ပါသည်။ သြစတြေးလျ ပူးတွဲအေဂျင်စီ ပူးပေါင်းဆောင်ရွက်ရေးစင်တာ (JACC) ရဲ့ ခေါင်းဆောင် Angus Houston နဲ့ Hishammuddin တို့ရဲ့ ဆွေးနွေးပွဲမှာ ပင်လယ်ရေအောက်မှာ ရှာဖွေရေးမှာ စိန်ခေါ်မှုများနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။ မလေးရှားနိုင်ငံဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြိုတင်အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ၄င်းအစီရင်ခံစာမှာ ကမ္ဘာလုံးဆိုင်ရာ လေယာဉ် ထုတ်လုပ်မှုကို ကြီးကြပ်နေတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးဟာ လူစီးလေယာဉ် ခြေရာခံဖို့အတွက် စနစ်တစ်ခုကို ထည့်သွင်းစဉ်းစားသင့်ကြောင်း အကြံပြု တိုက်တွန်း ထားပါသည်။

No comments:

Post a Comment