Monday, May 5, 2014

မုတ္တမ ကမ်းလွန်လုပ်ကွက် အမှတ် M-3 ရေကြောင်း သတိပေးချက် ထုတ်ပြန်ကြေညာ

မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် မုတ္တမ ကမ်းလွန်လုပ်ကွက် အမှတ် M-3 တွင် Geotechnical Site Investigation (GTI) Survey  လုပ်ငန်းများကို မေလ (၉) ရက်နေ့မှ ဇွန်လ (၆) ရက်နေ့ အထိ ဆောင်ရွက်မည် ဖြစ်ပါသည်။ လုပ်ငန်းခွင် ဧရိယာ (၂) ကီလိုမီတာ ပတ်လည် အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင် စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်း သွားလာခြင်းနှင့် ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများ ချထားခြင်း မရှိစေရေး  ရေကြောင်း သတိပေးချက် ထုတ်ပြန် ကြေညာထားပါသည်။



No comments:

Post a Comment