လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင် ဥက္ကဌ ဦးမြဝင်းအား UNODC
၏ ဌာနေကိုယ်စားလှယ် Mr. Jason Eligh နှင့် ဒေသဆိုင်ရာ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး
အကြံပေး Mr. Shervin Majlessi တို့သည် မေလ
(၃၀) ရက်နေ့ နံနက်(၁ဝ)နာရီခွဲတွင် နေပြည်တော်ရှိ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ရုံးသို့
သွားရောက် တွေ့ဆုံပါသည်။ ထိုသို့ တွေ့ဆုံရာမှာ ကော်မရှင် ဥက္ကဌက လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး
ကော်မရှင် ဖွဲ့စည်း ဆောင်ရွက်နေမှု အခြေနေ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး လုပ်ငန်းများ
ဆောင်ရွက်နေမှု အခြေနေများအား ဆွေးနွေးခဲ့ပြီး UNODC မှနည်းပညာ ပိုင်းဆိုင်ရာများ အကူအညီ
ပေးအပ်ရေး ကိစ္စရပ်များ၊ ပူးပေါင်း ဆောင်ရွက်နိုင်ရေး
ကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေး ကြပါသည်။
No comments:
Post a Comment