Wednesday, June 11, 2014

ကမ္ဘာ့ဖလားပွဲ အခါသမယမှာ စူပါအိတ်ခ်ျဒီ တီဗွီကြီးကို ဂျပန်တီဗွီ ထုတ်လုပ်သူများမှ ပြုလုပ်ပြသ

ကမ္ဘာ့ဖလားပွဲ အခါသမယမှာ စူပါအိတ်ခ်ျဒီ တီဗွီကြီးကို ဂျပန်တီဗွီ ထုတ်လုပ်သူများမှ ပြုလုပ်ပြသခဲ့ ပါသည်။ ဆိုနီနဲ့ ပန်နာဆိုးနစ်မှ စူပါဟိုက်ဒဖနေးရှင်း ဖိုးကေနည်းပညာနဲ့ မျက်နှာပြင်ကြီးမားတဲ့ တီဗွီကြီးများကို နိုင်ငံအနှံ လျှပ်စစ်အရောင်း ဆိုင်များမှာ ထုတ်လုပ်ရောင်းချ ပေးနေတာ ဖြစ်ပါသည်။ ဘရာဇီး ကမ္ဘာ့ဖလားပွဲကို အသက်ဝင်စွာ အားပေးဖို့ ဝယ်သူများကလည်း ရှိနေပါသည်။ ဖိုးကေမျက်နှာပြင်မှာ ဘောလုံးသမားနဲ့ ပန်းများရဲ့ ရုပ်ပုံများက ဖန်သားတမျှ ကြည်လင်ပြတ်သား လှပါသည်။ လူပေါင်း(၁၂၈) သန်းအတွက် ကမ္ဘာ့ဖလား ပွဲစဉ်များကို ဖိုးကေနည်းပညာဖြင့် ဂြိုလ်တုမှ စမ်းသပ်ထုတ်လွှင့် ပေးနေပြီ ဖြစ်ပါသည်။ တောင်ကိုရီးယား ကတော့ ဖိုးကေနည်းပညာနဲ့ ကေဘယ်လိုင်းများမှာ ထုတ်လွှင့်နေပါပြီ။ ပန်နာဆိုးနစ်၊ ရှက်ပ်တို့ ထက်စာရင်ဆိုနီဟာ ကျန်းမာရေး ရူထောင့်ကနေ နည်းပညာကို လုပ်ထားပြီး ရှေ့ဆုံးက ဦးဆောင်ထားပါသည်။ လက်ရှိမှာ ဖိုးကေနည်းပညာ တီဗွီကိုဒေါ်လာ (၃၃၀ဝ)နဲ့ ရောင်းချနေပြီး လူချမ်းသာ များမှသာ တတ်နိုင်ကြောင်းလဲ သိရှိရပါသည်။

No comments:

Post a Comment