ယဉ်ကျေးမှု
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေသည် ဇွန်လ(၆)ရက်နေ့ နေ့လည်ပိုင်းတွင် ပုဂံယဉ်ကျေးမှု
အမွေအနှစ် နယ်မြေသို့ ရောက်ရှိ၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ
တင်ဒါ ခေါ်ယူဆောင်ရွက် ခဲ့သော ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့သည့်။
ပထမဦးစွာ ဒုတိယ ဝန်ကြီးသည် ချိုဇော် ကုမ္ပဏီမှ ဆောင်ရွက်လျှက်ရှိသော ပုဂံရှေးဟောင်း
သုတေသန ပြတိုက် ခင်းကျင်း ပြသခြင်းနှင့် မွမ်းမံခြင်း လုပ်ငန်းကို၎င်း၊ ဦးသိန်းနိုင်
တည်ဆောက်ရေး လုပ်ငန်းမှ ပြုပြင် ထိန်းသိမ်းလျက် ရှိသော အရှေ့ဘက်လိပ်နှင့် အနောက်ဘက်
လိပ်ဘုရားများသို့လည်းကောင်း သွားရောက် ကြည့်ရှု စစ်ဆေးကာ ထိုဘုရားများရှိ (၅၅၀) ဇာတ်ကွက်
သရုပ်ဖော် အုတ်ကွက်များမှာ ဗုဒ္ဓဝင် သမိုင်းတွင် အလွန်အရေးပါ သဖြင့် ဂရုတစိုက် ထိန်းသိမ်းရန်
မှာကြားခဲ့သည်။ ဇွန်လ(၇)ရက်နေ့ မနက်ပိုင်းတွင် ဒုတိယ ဝန်ကြီးသည် ချိုဇော် ကုမ္ပဏီမှ
တာဝန်ယူ ဆောက်လုပ်လျက်ရှိသော ပုဂံဒေသ မြစ်ကမ်းဘေးရှိ ဘုရားများ ဖြစ်သော ဘုရားအမှတ်
(၁၃၆)၊ ဘုရားအမှတ် (၁၄၆)၊ ရွှေသပိတ်ဘုရားနှင့် ဘုရားအမှတ် (၁၁၅၈) ကျောက်မျက်မှော် ဘုရားများအား
ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကို ကြည့်ရှု စစ်ဆေး၍ ပုဂံဒေသ ဧရာဝတီ မြစ်ကမ်းပါး၌
တည်ရှိသော ဘုရားများသည် မြစ်ရေတိုက်စား၍ ကမ်းပါး ပြိုခြင်းကြောင့် ပြိုကျပျက်ဆီးမည့်
အန္တရာယ်ရှိကြောင်း၊ ဘုရားများ ရေရှည် တည်တံ့ခိုင်မြဲရေး အတွက် ရေကြောင်း တိုက်စားမည့်
နေရာမှ ကျောက်စီ မြေထိန်းနံရံ ပြုလုပ်၍ ထိန်းသိမ်း ထားရှိရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment