Monday, June 30, 2014

ကော့သောင်းခရိုင် ကရသူရိမြို့နယ်ခွဲတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် လိုင်စင်သက်တမ်းကုန် ဆိုင်ကယ်များအား လိုင်စင် ဆောင်ရွက်ပေးခြင်း



တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကရသူရိမြို့နယ်ခွဲတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် လိုင်စင်သက်တမ်းကုန် ဆိုင်ကယ်များအား လိုင်စင် ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် တာဝန်ရှိအဖွဲ့အစည်းများမှ မြို့နယ်ခွဲတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် လိုင်စင်သက်တမ်းကုန် ဆိုင်ကယ်များအား လိုင်စင်ဆောင်ရွက် ပေးခြင်းလုပ်ငန်းကို နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် ပေးပါတယ်။ အခုလို လိုင်စင်မဲ့ ဆိုင်ကယ်များနှင့် သက်တမ်းကုန် ဆိုင်ကယ်များအား လိုင်စင် ဆောင်ရွက်ပေးမည့် သတ်မှတ်ကာလအတွင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ရာ သတ်မှတ်ကာလကျော်လွန်၍ လိုင်စင်မဲ့ ဆိုင်ကယ် အသုံးပြုသူများအား စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။ 

No comments:

Post a Comment