အမျိုးသားလွှတ်တော်
ဒဿမပုံမှန် အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ဇွန်လ (၃၀)ရက်နေ့ နံနက် (၁၀)နာရီတွင် ကျင်းပရာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ
ဦးခင်မောင်လတ်၏ ရခိုင်ပြည်နယ် ဆန်စပါး ထုတ်လုပ်ရေး
ဖွံ့ဖြိုးတိုးတက်ရန် မည်သို့လုပ်ဆောင် နေသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက ရခိုင်ပြည်နယ်
အတွင်းရှိ လယ်သမားများ စိုက်ပျိုးစရိတ် ရင်းနှီးငွေရရှိရေး အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ
မိုးစပါး တစ်ဧကလျင် ကျပ်(၁)သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက် ရှိပါကြောင်း၊ ၂၀၁၃-၂၀၁၄
ခုနှစ်တွင် စိုက်ပျိုးစရိတ် ချေးငွေ ကျပ်သန်းပေါင်း (၄၅၆၇၉ ဒသမ ၉) ထုတ်ချေးခဲ့ပြီး၊
၂၀၁၄-၂၀၁၅ ခုနှစ်တွင် ကျပ်သန်းပေါင်း (၅၀၀၇၇
ဒသမ ၄) ထုတ်ချေးလျက် ရှိပါကြောင်း၊ လိုအပ်ပါက သမဝါယမ အသင်းများမှ အတိုးနှုန်း သက်သာစွာဖြင့်
ထုတ်ချေးပေးလျက် ရှိပါကြောင်း ပြောကြားသွားပါသည်။
No comments:
Post a Comment