ရန်ကုန်တိုင်း
ဒေသကြီးအတွင်း ဒဂုံမြို့သစ် (၄)မြို့နယ်တွင် ရေကြီး၊ ရေလျှံ မဖြစ်စေရန် ထိန်းသိမ်းရေး
ကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင် များသည် ဇွန်လ(၇)ရက်နေ့ နံနက်ပိုင်းက ဒဂုံအရှေ့မြို့နယ်
ကနောင် ခန်းမတွင် ဒဂုံမြို့သစ် (၄)မြို့နယ်ဖြစ်သည့် ဒဂုံအရှေ့ပိုင်း၊ တောင်ပိုင်း၊
မြောက်ပိုင်းနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များအတွင်း ရေကြီးရေလျှံ မဖြစ်စေရန် ထိန်းသိမ်းရေး
ကော်မတီ၏ (၁၀)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ
ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့် က မိုးဦးကာလ ရေကြီးမှု
သက်သာသော်လည်း မိုးလယ်နှင့် မိုးနှောင်း ရေကြီးနိုင်သဖြင့် ဆက်လက်၍ ထိန်းသိမ်းနိုင်အောင်
ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ (Box Culvert) လုပ်ငန်းများ မကြာမီ ပြီးစီးအောင် ဆောင်ရွက်ရမှာ
ဖြစ်ပြီး ငမိုးရိပ် ချောင်း သောင်တူးခြင်း လုပ်ငန်းများအား မိုးတွင်းကာလအတွင်း ဆက်လက်ဆောင်ရွက်မည်
ဖြစ်ကြောင်း၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလအတွင်း လုပ်ငန်းများ ပြီးစီးအောင် လျာထား
ဆောင်ရွက်ရန် လိုကြောင်း ဆွေးနွေးမှာကြားသည်။ ထို့နောက် ကော်မတီ အတွင်းရေးမှူးနှင့်
တာဝန်ရှိသူများက စက်၊ယာဉ် ယန္တရားများဖြင့် လုပ်ငန်းများ ဆောင်ရွက်မှု၊ ရေထိန်းတံခါးများ၊
ရေထုတ်ပြွန်များ ဆောင်ရွက်ပြီးစီးမှု၊ သွားလာမှု အဆင်ပြေစေရေး၊ လမ်းပျက်စီးမှုများ ပြုပြင်ပေးရန်
ဆောင်ရွက်မဲ့ အစီအစဉ်၊ ငမိုးရိပ်ချောင်း သောင်တူးခြင်း လုပ်ငန်းအား မိုးတွင်းကာလ ဆက်လက်ဆောင်ရွက်မည့်
အစီအစဉ်များ၊ စက်သုံးဆီ လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်
ရှိပါကြောင်း ဆွေးနွေး တင်ပြကြသည်။ ဆက်လက်ပြီး ဒဂုံမြို့သစ် (၄)မြို့နယ် အုပ်ချုပ်ရေးမှူးများ
မြို့နယ်များမှ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များက ရေကြီးရေလျှံ မဖြစ်စေရန်
ဆောင်ရွက်ပြီးစီးမှု၊ ထိန်းသိမ်း ဆောင်ရွက်ရမည့် အချက်များအား ဆွေးနွေးတင်ပြကြသည်။ ထို့နောက်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးနဲ့ တိုင်းဒေသကြီး သစ်တောနှင့်
စွမ်းအင်ဝန်ကြီးတို့က ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြကြသည်။ ဆက်လက်ပြီး
ကော်မတီဝင်များ ဖြစ်ကြသည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးခင်ဇော်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော် တို့မှ ယခုဆောင်ရွက်နေသော
စီမံကိန်းမှာ အထူးစီမံကိန်း လုပ်ငန်းတစ်ရပ် အနေဖြင့် တာဝန်ပေး ဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက်
ဆက်လက် ကြိုးစား ဆောင်ရွက်ကြစေလို ပါကြောင်း၊ ရေတံခါးများ ရေငံ မဝင်နိုင်ရေး စစ်ဆေးကြပ်မတ်ရန်
လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။ တင်ပြ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ကော်မတီဥက္ကဋ္ဌ
ဒုတိယဝန်ကြီး ဦးစိုးတင့် က မြို့နယ် တစ်ခုချင်းအလိုက် ချက်ချင်း အပြန်အလှန် ဆွေးနွေးသည့်အတွက်
အကျိုးကျေးဇူး အနေနဲ့ အဖြေ ချက်ချင်းရပါကြောင်း၊ အားနည်းချက်၊ အားသာချက်များ အပြုသဘောဆောင်
ဆွေးနွေး ထောက်ပြခြင်းများ အပေါ် ပြန်လည် သုံးသပ်ပြီး လုပ်ကိုင် ဆောင်ရွက်ပေးနိုင်မှာ
ဖြစ်ပါကြောင်း၊ ယခု ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (၄)မြို့နယ်အတွင်း
ရေကြီးရေလျှံ မဖြစ်စေရန် ဆောင်ရွက်သော လုပ်ငန်းများတွင် ဒေသခံ ပြည်သူလူထု ပါဝင်မှ အောင်မြင်မှာ
ဖြစ်ပါကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment