Wednesday, June 11, 2014

အားကစားသတင်း

ကမ္ဘာ့ဖလား ပိတ်ပွဲကျင်းပမဲ့ ရီယိုဒီဂျနေးရိုးမြို့ လမ်းမများ ထက်မှာတော့ ကမ္ဘာ့ဖလား အထိမ်းအမှတ် ပန်းချီများ၊ ပန်းပုများနဲ့ အလှဆင်မှုများကို ပြုလုပ်ထားပါသည်။ ဆန္ဒပြမှုများ ရှိနေပေမဲ့ အသင်းကို အားပေးသွားမှာ ဖြစ်ကြောင်း ပရိသတ်များက ပြောကြားခဲ့ကြ ပါသည်။ (၁၂-၆-၁၄) ရက်နေ့ည နှောင်းပိုင်းမှာ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် ဘရာဇီးအသင်းနဲ့ ခရိုအေးရှား အသင်းတို့ ယှဉ်ပြိုင်ကစား ကြတော့မှာ ဖြစ်ပါသည်။ ကစားသမားများနဲ့ နည်းပြနီကို ကိုဗက်တို့အနေနဲ့ ဖိအားများ ရှိနေပေမဲ့ အနိုင်ကစား နိုင်မယ်လို့ ယုံကြည်လျက် ရှိပါသည်။ ခရိုအေးရှားမှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ချန်ပီယံဆု ယူထားတဲ့ လူကာမိုဒရစ်၊ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး မာရီယိုမန်ဇူကစ်တို့ ပါဝင်ပါသည်။ ခရိုအေးရှား အသင်းဟာ (၁၉၈၈) ခုနှစ်တုန်းက တတိယ ရရှိထားပြီး ကမ္ဘာ့အဆင့် (၂၀)ဖြစ်ပါသည်။အိမ်ရှင်ဘရာဇီး အသင်းအနေနဲ့ ကမ္ဘာ့ဖလား (၅)ကြိမ်ရရှိခဲ့ပြီး ယခု(၆)ကြိမ်မြောက် အဖြစ်ရရှိရန် ရေပန်းစားနေ ပါသည်။ လက်ရှိမှာစပိန်နဲ့ ဂျာမနီပြီးရင် တတိယ နေရာမှာ ချန်ပီယံဖြစ်ဖို့ ရှိကြောင်း ခန့်မှန်းထားပါသည်။ ပရိသတ် သန်း(၂၀ဝ)ကလည်း မှတ်တမ်းကောင်း ရရှိဖို့ မျှော်လင့်လျက် ရှိကြကြောင်း သိရှိရပါသည် ။

No comments:

Post a Comment